Saturday, January 21, 2012

ကလောင်နှင့်အုပ်ချုပ်သောအစိုးရ

နေ့စဉ်နေ့တိုင်း တိုင်းပြည်၏ စီးပွါးရေး၊ ကြီးပွါးရေး၊ သာသနာရေး၊နိုင်ငံရေး၊ လူမျိုးရေးတို့ကို ဝေဖန် နည်း ညွှန်ရေးသား၍၊ အစိုးရအပေါ်တွင်လည် ပြစ်တင်ရှုတ်ချစရာရှိက မထောက်မညှာ ပြစ်တင်ရှုတ်ချကာ၊ မှန်ရာမှန်ကြောင်း သို့ လမ်းကောင်းညွှန်ပြ ပေးလေရာ၊ ထိုစဉ်က မြန်မာ့အလင်းသတင်းစာ၏ ဘုန်းတန်ခိုးမှာ ဖိန့်ဖိန့်တုန်အောင် အာဏာရှိနေသော အစိုးရအဖွဲ့နှင့် စင်ပြိုင် တန်ခိုးအာဏာရှိနေခဲ့သည်။

မြန်မာ့အလင်းက ယနေ့ ရေးလိုက်လျှင် နောက်တစ်နေ့တွင် မည်သည့် အစိုးရမှ ပေါ့ပေါ့ဆဆ အမှတ်မထားဝံ့ဘဲ၊ ဆိုင်ရာဌာနတို့မှ လေးလေးစားစား လိုက်နာ လုပ်ကိုင်ပေးရသည်အထိ ခရီးရောက်နေသောကြောင့် " သတင်းစာဟာ စင်စစ် ကလောင် နဲ့ အုပ်ချုပ်နေတဲ့ Government ပဲ ဟု သူပြောသည့်စကားမှာ ခေါင်းထဲတွင် စွဲ၍နေသည်။

သတင်းစာ၏ ကြီးပွါးရာ ကြီးပွါးကြောင်းအတွက် သူ့တစ်ကိုယ်လုံးကို တစ်ချိန်လုံးပေးအပ်ထားရုံသာမက၊ သူဆည်းပူးလေ့လာ မှတ်သားသမျှ ပညာအရပ်ရပ်တွေကိုလည်း သတင်းစာ ကြီးပွါးရာ ကြီးပွါးကြောင်းသာ
အစွမ်းကုန် အသုံးချ၍ နေလေသည်။

သတင်းစာဆရာဘဝ နှင့် အတူတကွ ရေရ၍ တွေ့မြင်နေရသည်မှာတစ်နှစ်မျှမကြာသေးသော်လည်း၊ သူသည် သတင်းစာဆရာ အယ်ဒီတာဘဝ၌ သတင်းစာအတွက်သာ ကြိုးပမ်းအားထုတ်နေရုံတွင် မဟုတ်ဘဲ၊ တိုင်းရေးပြည်ရာ အုပ်ချုပ်နည်း  အဘက်ဘက်က လုပ်ငန်းစဉ်အ ရပ်ရဎ်တို့ကိုလည်း နေ့ညမပြတ် ဆည်းပူးမှတ်ထား ရှာဖွေစုဆောင်းနေသောကြောင့်၊ ကျွန်မ ဇဝေဇဝါဖြစ်၍နေသည်။

မြန်မာနိုင်ငံတော်နှင့်တကွ နိုင်ငံအသီးသီးမှ ဘဏ္ဍာ ရေး ကိုလေ့လာဆည်းပူးနေလေသည်။ ထိုသို့ နေ့ညမပြတ်လပ်အောင် အားထုတ် ဆည်းပူးနေလျင် "ကိုကို ဘဏ္ဍာ ရေးဝန်ကြီး လုပ်မလို့လား " ဟု သူ့အမှာအတိုင်း အပြည်ပြည်ဘဏ္ဍာရေးဆိုင်ရာ မှတ်စုမှတ်ရာများကို စုဆောင်းသိမ်းဆည်းပေးရင်း
နှုတ်ဖျားမှ ထွက်သွားရာ " ဒီလိုမဟုတ်ပါဘူး တင်လေးရဲ့။ အယ်ဒီတာဆိုတာ အကုန်နှံ့စပ်ရတယ်။ လွှတ်တော်ထဲမှာ ရှိနေတဲ့ ဝန်ကြီးတွေထက် အုပ်ချုပ်မှူ ကို နားလည်နိုင်ရင် ပိုကောင်းတယ်။ တိုင်းပြည် ကောင်းရာကောင်းကြောင်း ဖြစ်အောင်တိုင်းပြည်ပေါ်မှာ တိုင်းပြည်ဖက်ကနေပြီး အမှား အမှန် လမ်းမှန်ညွှန်ပြ နေရတဲ့ အယ်ဒီတာဟာ သူတို့အရည်အချင်းထက် ညံ့လို့ မဖြစ်နိုင်ဘူး " ဟူ၍ ရှင်းလင်းပြောပြမှပင် " ဝန်ကြီး လုပ်မလို့လား" ဟူသောစိတ်များ ပျောက်ကွယ် သွားကာ အမှာအတိုင်း နေစဉ်မပြတ် ကူညီစုဆောင်းပေးရသည်။.................

သူလိုလူ
(ဂျာနယ်ကျော်မမလေး)

မှတ်ချက်။ ကိုသန်းဇော်မျိုး၏ Facebook Page မှ ကူးယူဖော်ပြပါသည်။ 

Thursday, January 19, 2012

လွတ်လပ်မှ သဘာဝကျတယ်

(Liberty is natural ဟူသော ဆောင်းပါးတစ်ပုဒ်ရှိတယ်ဗျ။ ယခုအရေးအသားက အဲဒီဆောင်းပါးကို မှီငြမ်းတာပါ။ ရေးတဲ့သူက ဆာတစ်ကူးမားတဲ့။ ကုလားကြီးတစ်ယောက်ရယ်။ အင်္ဂလန်၊ ရှူးမေကား ကောလိပ်က ကျောင်းအုပ်ကြီး။ ရှုစားတော်မူကြပါ။)

သစ်ပင်တွေကတော့ သူတို့ကြိုက်သလိုပေါက်တာပ။ မြစ်တွေကလည်း ကွေ့လိုက် ဝိုက်လိုက်၊ တောင်ဆီသွားလိုက်၊ မြောက်ဆီသွားလိုက်၊ ကြိုက်သလိုပဲ။ ငှက်တွေကကော သူတို့လည်း ထိုနည်းလည်းကောင်းပ။ ပျံလိုက်၊ ဝဲလိုက်၊ နိမ့်လိုက်၊ မြင့်လိုက် သူတို့နှစ်သက်သလိုပဲ။ သစ်တောတွေမှာ အစိုးရမရှိဘူး။ သမ္မတ ဝန်ကြီးချုပ် ပါလီမန် စတာတွေလည်း မရှိဘူး။ သစ်တောဟာသူတို့စာသူတို့ စုစည်းပြီးသူတို့ဟာသူတို့ရပ်တည်ကြတာ၊ တောင်တွေ သုမဒ္ဒရာတွေလည်း လောကသဘာဝကြီးရဲ့ ရေးလည်းမထား၊ သိလည်း မသိသာတဲ့ ဥပေဒေတွေကိုလိုက်နာကြတယ်။ အဲဒီ ဥပဒေသတွေကတော့ အတွဲအဖက် အညီညအညွတ်ဖြစ်ခြင်း (ဟာမိုနီ)၊ သာသာယာယာ စီးဆင်းမှု (ရစ်သမ်)၊ ဟိုဘက်သည်ဘက် မျှတမှု (ချိန်ခွင်)၊ တစ်ဖက်တည်းမဟုတ်ဘဲ အဘက်ဘက်မှာ အကျိုးရှိမှု (mutuality)၊ အပြန်အလှန် ရှိမှု (reciprocity). ဆက်သွယ်ထားမှု (connectivity) တွေပဲ။ သဘာဝလောကရဲ့ ဥပဒေသကတော့ ရိုးရှင်းပါတယ်။ ထင်လင်းလည်း ထင်လင်းပါတယ်။ အားလုံးက ဆက်စပ်နေကြတာ၊ တစ်ခုဟာ တခြားတစ်ခုပေါ် မှီခိုနေတယ်

အိန္ဒိယဝေဒကျမ်းတွေမှာ အဲဒီ ဥပဒေသကို ယထာ (rta) လို့ခေါ်တယ်။ ဒီဝေါဟာရက ရစ်သမ် (rhythm), ပြုစမြဲဝတ် (rituals)၊ တို့နဲ့ ဆက်စပ်နေတဲ့ ဝေါဟာရပေါ့။ သင်္သကရိုက် ဝေါဟာရ ရိတု (ritu) က ဥတုရာသီလို့အဓိပ္ပာယ်ရတယ်။ ရိတိ (riti) ကတော့ ရိုးရာ၊ အစဉ်အဆက်လို့ အဓိပ္ပာယ်ရှိတယ်။ ဒီဝေါဟာရတွေကလည်း ယထာ နဲ့ အဆက်အစပ်ရှိတယ်။ လူ့ဘဝရဲ့ အဆင်အကွက် သဏ္ဍာန်များ (patterns of life) လို့ အနက်ရမှာပေါ့။

ဘဝရဲ့ အဆင်အကွက် သဏ္ဍာန်ဆိုတာက ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြိုင်ဆိုင်မှုဟာ အချိုးအစားမှန်ရတယ်။ အထက်နဲ့ အောက်ဟာ ချိန်ခွင်လို ညှိရတယ်။ ကျား ဟာ မ နဲ့ တစ်ဦးကို တစ်ဦး ဖြည့်ပေးရတယ်။ အလင်းနဲ့ အမှောင်ဟာ ဆက်ရ တယ်။ တူတာတွေနဲ့ ဆန့်ကျင်ဘက်တွေကြားမှာ အပြောအဆို ရှိရတယ်။ လောကကြီးဟာ အကတစ်ခုပ။ သဘာဝကြီး ထဲမှချုပ်ကိုင်ထားမှု ဆိုတာ မရှိဘူး။ လိုလည်း မလိုအပ်ဘူး။ အရာခပ်သိမ်းဟာ ယုံကြည်မှုထားပြီး အလုပ်လုပ်ကြတာ၊ ဘဝအဆင်အကွက် သဏ္ဍာန်တွေနောက်ကို တီတီထွင်ထွင်နဲ့ အမြောက်အမြင်နဲ့ အလိုအလျောက် လိုက်ကြတာပ။

သဘာဝရဲ့ စနစ်တွေမှာ အမ်အိုင်တေ၊ွ စီအိုင်အေတွေ၊ တရားရုံး၊ ထောင်၊ တပ်၊ လက်နက်၊ ဗုံး စတဲ့ သူတစ်ပါးအပေါ် အလွန်အကျွံ အုပ်ချုပ်လွှမ်းမိုးတဲ့ အရေတွေ မရှိဘူး။ အနိုင်အထက်  အကြမ်းဖက်မှုရှိရင် အစာရေစာအတွက်နဲ့ မျိုးဆက်ဖို့အတွက်သာ ပြုလုပ်ကြတယ်။ နယ်မြေရယ်လို့ ဗီဇစိတ်မှာ ရှိနေတယ်ဆိုရင်လည်း ဒါဟာ အစာရေစာအတွက်နဲ့ မျိုးဆက်ဖို့အတွက်ပဲ။  သဘာဝကြီးဟာ လက်သည်းတွေနဲ့ သွားတွေမှာ သွေးတွေနဲ့ နီရဲနေတဲ့အရာ၊ သင့်တော်သူသာ အသက်ရှင် ဆိုတဲ့အယူအဆတွေက လူတွေရဲ့ အကြံအစည်တွေရယ်၊ သဘာဝရဲ့ စနစ်တွေကို လူတွေရဲ့ ဖွင့်ဆိုချက် တွေရယ်။ အစစ်အမှန်အချက်က သဘာဝတရားဟာ ဟိုဟာလည်း မဟုတ်၊ ဒီဟာလည်း မဟုတ်ဘူး။ သဘာဝဟာ အမယ်စုံလင်တဲ့ ကွင်းကြီးတစ်ခု။ စကြာဝဠာ အာကာသထဲ၊ ကြယ်တာရာ ကာလထဲက အကအခုန်။

လူတွေမှာ အကြောင်းတစ်ခုခု ရမယ်ရှာပြီးထိန်းကွပ်ချင်တဲ့ ဆန္ဒရှိကြတယ်။ သဘာဝရဲ့ စနစ်တွေကို ထိန်းကွပ်ချင်တယ်။ တခြားလူတွေကို ထိန်းကွပ်ချင်တယ်။ သဘာဝကို မထိန်းကွပ်နိုင်တာကတော့ ရှင်းပါတယ်။ လူဟာရေကြီးတာကို မထိန်းနိုင်ပါဘူး။ မိုးသည်းတာနဲ့ ရာသီဥတုကို မထိန်းနိုင်ပါဘူး။ တခြားလူတွေကို ထိန်းကွပ်ဖို့ ကြိုးစားရာမှာလည်း သူလျှိုတွေ စပိုင်တွေ ထောက်လှမ်းရေးကိရိယာတွေ၊ နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ စစ်အဖွဲ့အစည်းအဆောက်အအုံတွေ သုံးသော်မှ လူ့စိတ်နှလုံးကို အောင်နိုင်ဖို့နဲ့ အတိုက်အခံပြုသူတွေကို သုတ်သင်ပစ်ဖို့ မအောင်မြင်လှပါဘူး။ တရားဥပဒေကို လေးစားဖို့ ရာဇဝတ်မှုတွေ ပပျောက်ဖို့၊ ပြီးတော့ လူတွေ အေးအေးချမ်းချမ်းနေဖို့ မတတ်နိုင်လှပါဘူး။

ခဏရပ်ပြီး လူ့ပြဿနာကို ဆန္ဒဂတိမပါဘဲနဲ့ ကြည့်သင့်ပြီ။ လူတွေက လူတွေအများကြီးကို ဘာကြောင့်များ ထောင်ထဲ ထည့်ထားရသတုန်း။ လူတော်တွေ၊ နည်းပညာတွေ၊ ငွေတွေသုံးပြီး တစ်ယောက်ကိုတစ်ယောက် ဘာကြောင့်များ ထောက်လှမ်းနေရသတုန်း။ သူများကို ဘာကြောင့် ထိန်းကွပ်ထားချင်ရသတုန်း။ စစ်တွေ ဘာကြောင့်တိုက်ပြီး အပြစ်မဲ့သူတွေကို ဘာကြောင့် သတ်ချင်ရသတုန်း။

လူတွေက ဒီထက်ပိုကောင်းအောင် မလုပ်နိုင်ကြတော့ဘူးလား။ လူဆိုတာ ကိုယ့်အမှားကိုယ် ပြန်ပြင်တဲ့သဘာဝရှိပါတယ်။  အဲဒီသဘာဝကို ကျုပ်တို့ယုံကြည်သင့်ပါတယ်။ အချိန်ယူ။ နည်းပညာ နဲ့ ပါရမီ၊ တီထွင်မှု နဲ့ အမြောက်အမြင်သုံပြီး စောင့်ရှောက်ပြုစုရုံပါပဲ။ သဘာဝကြီးလုပ်သလိုပေါ့။

ထောက်လှမ်းခြင်း၊ ထောင်ချခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း စတဲ့ ပါရာဒိုင်းကနေ အကာအကွယ်ပေးခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ အားရှိအောင် လုပ်ပေးခြင်း ပါရာဒိုင်းကို ရွှေ့သင့်ပါတယ်။ သတ္တိ၊ ယုံကြည်မှု၊ မျှော်လင့်ချက်တွေတော့ အများကြီးလိုမှာပါ။

ကျွန်တော်ပြောနေတာက စိတ်ကူးထဲကစံတွေပဲ။ ပြီးတော့ အစိုးရဆိုတာ စိတ်ကူးစံတွေ (Idealism ကိုဆိုလိုတာပါ) ကို စိတ်မဝင်စားဘူးကွ လို့လည်း ကျွန်တော့်စိတ်ကူးကို ပယ်ချင်ပယ်မှာပါ။ ဒါပေတဲ့ တစ်ခုတော့ လေးလေးနက်နက် စဉ်းစား စေချင်ပါတယ်။ လက်တွေ့အလုပ်ဖြစ်မှ ကောင်းတယ်ဆိုတဲ့ လက်တွေ့အလုပ်ဖြစ်ရေးအယူအဆ (Pragmatism) ကကော ကျုပ်တို့ကို ဘယ်ဆီကိုများ သယ်ဆောင်ခဲ့သတုန်း။ လက်တွေ့ကိုပဲ ကြည့်မယ်ဆိုတဲ့သူတွေက ကျုပ်တို့ရဲ့ သယံဇာတတွေကို တိုက်ခိုက်ဖို့၊ ထိန်းချုပ်ဖို့၊ သတ်ဖြတ်ဖို့ မှာပဲ အကြီးအကျယ်သုံးကြတာပဲ။ ဒီလိုလက်တွေကိုပဲ ကြည့်တဲ့ ဝါဒကတော့ လူတွေအတွက် အကျိုးမရှိပါဘူး။ စိတ်ကူးထဲက စံကလေးကို နေရာပေးကြည့်ဖို့ အချိန်တန်ပြီ မဟုတ်လားဗျာ။ လွတ်လပ်ရေးကို တန်းတူရေး ညီရင်းအစ်ကိုဖြစ်ရေး နဲ့ ပေါင်းစပ်ပြီး ပေးလိုက်ဖို့ အချိန်ရောက်ပါပြီ။

ဆာတစ်ကူးမား

ချင်းတွင်းပရိသတ်ကြီးခင်ဗျား

အထက်ကလို ကုလားကြီး ဆာတစ်ကုးမားရဲ့ အဟောကို ဖတ်နေတုန်းမှာ ကိုရင်တာဟာ ကိုကိုမောင်ကြီးရဲ့ ကျွန်တော်သိသော တစ်ရံရောအခါများ ထဲက ဗိုလ်ချုပ်ကြီးနေဝင်းအကြောင်း သတိရပါတယ်။ တတိယပိုင်းသုံးသပ်ချက်မှာ ဦးနေဝင်းကို ကိုကိုမောင်ကြီးက အောက်ပါအတိုင်းသုံးသပ်ထားပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် မည်သည့်နိုင်ငံရေးဝါဒကိုမှ လှေနံထားထစ် တရားသေ (ပုံသေ) ခံယူးထားလေ့မရှိဘဲ  အခြေအနေအရ လိုအပ်တာကို လုပ်ဆောင်သွားရမည်ဆိုတော ပရက်မက်တစ်ဝါဒ (Pragmatism) ကို လက်တွေ့ ဘဝတွင် ကျင့်သုံးလေ့ရှိခဲ့သူဖြစ်သောကြောင့် ပါတည်း။ ပရက်မက်တစ်ဇင်ဆိုသည်မှာ ရည်ရွယ်သောအတိုင်း အလုပ်ဖြစ်ရေး အဓိကဝါဒဟူ၍ ဆိုရမည်။

ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက ကျွန်တော်တို့ကို ဘယ်ကိုဆောင်ယူခဲ့ပါသလဲ။

အုပ်ချုပ်သူတွေဟာ လက်တွေ့အလုပ်ဖြစ်ရေးကိုတော့လည်း စဉ်းစားရမှာပါ။ သို့သော် စိတ်ကူးထဲက စံကလေးတော့ လည်း ထားသင့်တာထင်တာပ။ အဲသလိုမှ အဲသည်စံကလေး (ဝါ) ပြန်ကြည့်စရာမှန်ကလေး ရမှာမို့ပါခင်ဗျ။

နှစ်ပါးသွား ကြွလာ ဝေနေယျာ ချမ်းသာကြပါစေ။

ကိုတာ

ချင်းတွင်း။ အမှတ် ၆၅။ သြဂုတ်လ၊ ၂၀၁၁

Come live with me and be my love


 
Come live with me and be my love,
And we will all the pleasures prove
That valleys, groves, hills, and fields,
Woods or steepy mountain yields.

And we will sit upon the rocks,
Seeing the shepherds feed their flocks,
By shallow rivers to whose falls
Melodious birds sing madrigals.

And I will make thee beds of roses
And a thousand fragrant posies,
A cap of flowers, and a kirtle
Embroidered all with leaves of myrtle; 

A gown made of the finest wool
Which from our pretty lambs we pull;
Fair lined slippers for the cold,
With buckles of th purest gold;

A belt of straw and ivy buds,
With coral clasps and amber studs:
And if these pleasures may thee move,
Come live with me and be my love.

The shepherds' swains shall dance and sing
For thy delight each May morning:
If these delights thy mind may move,
Then live with me and be my love.

 by 
Christopher Marlowe

Sunday, January 15, 2012

အရိပ်ခြွေသစ်ပင်



အရိပ်ခြွေသစ်ပင်ဟာ
ကမ္ဘာပေါ်မှာ တစ်ပင်တည်းရှိတယ်
အရိပ်ခြွေသစ်ပင်ဟာ
သစ်ရိပ်တွေ မခြွေဘူး
အရိပ်တွေသာ ခြွေခြွေပေးနေတယ်
သူခြွေတဲ့ အရိပ်ထဲမှာ
ဆန်းသစ်တဲ့ နေ့ ရက်တွေပါတယ်
ပန်းသစ်ဝေဝေ မနက်ခင်းတွေပါတယ်
ရွှန်းလက်ဝင်းပတဲ့ သစ်သီးတွေပါတယ်
ပြန်ကျမိုးစက်တွေ ပါတယ်
ဘာဖြစ်လို့ များ
သူက အရိပ်တွေ ခြွေလိုက်တိုင်း
အဲဒါတွေက ပါဝင်နေရတာလဲ
ငါစဉ်းစား
ငါ့မှာ စဉ်းစားခြင်းဘူတာ
ဆိုက်ကပ်ကပ်နေမိ
ငါ့မှာ
ထထ ပျံဝဲနေမိ
ငါ့မှာ
သီချင်းထထ အော်ဟစ်ဆိုမိ၊
ဘာဖြစ်လို့ ပါလိမ့်
ငါစဉ်းစား
ငါတွေးကြည့်
ငါသိချင်မိ
ထူးဆန်းလှရဲ့ 
ဒီအရိပ်ခြွေသစ်ပင်အကြောင်း


သူကတော့ ဘာသိဘာသာပဲ
အရိပ်တွေပဲ ခြွေခြွေချပေးနေ
ငါစူးစမ်း
ငါမနေနိုင်တော့ဘူး
ဒါနဲ့ ငါဟာ အရိပ်ခြွေသစ်ပင်ဆီ သွားကာ
သွားကိုင်တွယ်ကြည့်မိ
ငါသိလိုက်ရပြီ
သူ့ တစ်ကိုယ်လုံးမှာ ကြီးပေါင်းတက်ဒဏ်ရာတွေ
နိုင်းချင်း၊
ကမ္ဘာပေါ်မှာ ဒဏ်ရာရ သစ်ပင်တွေလောက်လှတာ
ဒဏ်ရာရ သစ်ပင်ပဲရှိ၊
ဩော် -
ဒါကြောင့်သူက အရိပ်တွေခြွေပေးနိုင်တာကိုး။

မောင်ချောနွယ်  

ဆရာမောင်ဆွေနွယ်ရဲ့  ဒီကဗျာကိုဖတ်မိတော့ မိဘနဲ့ဆရာ ဆိုတာကို ပြေးမြင်မိသလိုပဲ။ ဒီနေ့ ထိုင်းမှာ ဆရာများနေ့မို့ သတိတရ ..